ကရသူရိ ၅ ဇန်နဝါရီ
ဒေသခံပြည်သူများ မီဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လတ်တလောမီးငြှိမ်းသတ်နိုင်ရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြခြင်းကို ယနေ့ နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အမှတ်(၃)ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ကရသူရိမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးမှ ကြီးကြပ်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့များက မီးလောင်မှုဖြစ်လျှင် မီးငြှိမ်းသတ်ပုံများကို လက်တွေ့သရုပ်ပြခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသခြင်းနှင့် မီးဘေးအန္တရာယ် မဖြစ်ပွားရေး လူသားတိုင်း မီးကိုအမြဲသတိထား ဂရုပြုရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။ သရုပ်ပြပွဲသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)