နေပြည်တော် ဧပြီ ၁၁
တိုင်းပြည်နှင့် လူမျိုးအတွက် နှစ်ရှည်လများ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင် ခဲ့ကြသည့် အသက်(၆ဝ)နှင့်အထက် အဘိုးအဘွား၊ တပ်မတော်သားများကို ရာသက်ပန် ပြုစုစောင့်ရှောက်နေသည့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် မိသားစုတို့က ယနေ့မွန်းလွဲပိုင်းက ဆန်၊ ဆီ၊ လက်ဘက်ခြောက်နှင့် အလှူငွေကျပ်(၅၀၀၀၀၀)အား သွားရောက်လှူဒါန်းကြရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း)က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ ဘိုးဘွားရိပ်သာတွင် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်သွားကြသည့် သူရဲကောင်းစစ်သည်များ၏ မိသားစုများ၊ ကိုယ်လက်အင်္ဂါပေးလှူသွားခဲ့ကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များမှ အသက်(၆ဝ)နှင့်အထက် အဘိုး(၁၂၅)ဦး အဘွား(၅၉)ဦး အဘိုးအဘွားစုစုပေါင်း(၁၈၄)ဦး တို့ကို ရာသက်ပန် ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်