နေပြည်တော် ၁၅ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်က ကသာ-ရွှေကူ-ဗန်းမော်လမ်း (ပုလွေရွှေလမ်း)အား ကျောက်သားများ လိုအပ်သလိုပြန်လည် ဖြည့်စွက် ပြုပြင်မွမ်းမံခြင်း၊ ကတ္တရာစေး ခင်းခြင်းတို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်မှ ချမှတ်ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးကျော်လင်းက ကသာ- ရွှေကူ- ဗန်းမော် လမ်းအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် သာမန်ပြင်ဆင် ထိန်းသိမ်း ခြင်းရန်ပုံငွေ ကျပ် ၁၃.၃၅၄ သန်း ခွင့်ပြုရရှိခဲ့ပါကြောင်း။

 

၂၀၁၉-၂၀ လာမည့် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေအကန့်အသတ်အရ ငွေလုံးငွေရင်း ရန်ပုံငွေမပရှိဘဲ သာမန်ရန်ပုံငွေကျပ် ၂.၉၈၂ သန်းသာ ပါဝင်သည့်အတွက် ထိုလမ်းကို Geometric ဒီဇိုင်းနှင့် လမ်းပုံထုတ်ဒီဇိုင်း များကိုသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေများ ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

MDN
Photo Credit.ပြည်သူ့လွှတ်တော် FB page