ကသာ  ၁၄  ဇွန်

ကသာမြို့နယ်အနီး ညောင်ခြေထောက်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ကျော်ခန့်ရှိ သပြေမှော်ချုံစပ်တွင်  ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီလင်းပိုင် အထီးတစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ကို သတင်းပေးချက်အရ ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာန မှူးဦးထွန်းလှအောင်အဖွဲ့၊ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဘမောင်အဖွဲ့၊ လင်းပိုင်ထိန်းသိမ်းရေးဝန်ထမ်းများ လိုက်ပါလျက်ကြည့်ရှုစစ်ဆေးရာ အလျား ၇ ပေ ၁၀ လက်မ၊ လုံးပတ် ၄ ပေ ၈ လက်မ၊ အမြီး ၂ ပေ ၁ လက်မ၊ ရှေ့ရေယက်ဘယ်ညာ ၂ လက်မ အပေါ်သွား ၁ ချောင်း၊ အောက်သွား ၃ ချောင်းရှိသော လင်းပိုင်အထီးတစ်ကောင်ကို တွေ့ရှိရပြီး အသက်အရွယ်ကြီး၍ သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းလှအောင် က သုံးသပ်ပြောကြားခဲ့သည်။

ငွေအိုး(ကသာ)