ကသာ ၃ ဇန်နဝါရီ
စစ်ကိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁) နာရီ အချိန်က ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင် တွင် ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဉီးတည်ချက်များ၊ လွတ်လပ်ရေးနေ့ သမိုင်းကြောင်းများ၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာများ၊ စာစုများနှင့် လေ့လာ မှတ်သားဖွယ်ရာ အကြောင်းအရာများ ပါဝင်ပြီး မြို့နယ်ဉီးစီးမှူး ဉီးဟန်မျိုးကျော် နှင့် ဝန်ထမ်းများက ကသာမြို့အတွင်းရှိ လူစည်ကားရာ နေရာများတွင် သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
နိုင်လင်းထက် (ပြန်/ဆက်)