ကသာ ၃  စက်တင်ဘာ 


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးဆောင်၍ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့်  သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ /မရှိကို ယနေ့ နံနက် ၁၀ နာရီက ကသာမြို့ အမှတ် (၆) ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များနှင့် ဘူတာဈေး အတွင်းရှိ ကုန်စုံဆိုင်များတွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အမှတ် (၆) ရပ်ကွက်အတွင်း ရှိ ကုန်စုံဆိုင်များနှင့် ဘူတာဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေးခဲ့ပြီး စားသုံးရန်မသင့်သော စားသောက်ကုန်များ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆိုးဆေးပါသော ထုတ်ကုန်များ၊ ပြည်တွင်းနှင့်ပြည်ပမှ ထုတ်လုပ် တင်သွင်းရောင်းချသည့် မုန့်မျိုးစုံ နှင့် စားသုံးရန် မသင့်လျော်သည့် မုန့်များ မရောင်းချရန် တားမြစ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နိုင်လင်းထက်(ပြန်/ဆက်)