ကသာ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ ပြည်သူ့ဆေးရုံဝင်းအတွင်း ကျန်းမာရေးအထောက်အကူပြု အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်ရေးကို ယနေ့မှစတင်ကာ စတင်ဆောင်ရွက်နေလျက်ရှိသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်ရုံကို ကသာမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ပေ ၄၅ ပေ ၃၀ အကျယ်အဝန်း၌ တည်ဆောက်နေခြင်းဖြစ်ပြီး ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်ရှိသော အောက်ဆီဂျင်ထုတ်စက်ရုံတည်ဆောက်မှုနှင့် ဆက်စပ်ပစ္စည်းများ တတ်ဆင်နိုင်ရေးအတွက် စတင်ဆောင်ရွက်နေလျက်ရှိရာ ကသာမြို့ ပြည်သူ့ဆေးရုံအုပ်နှင့်အဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့သားများ လာရောက်ကြည့်ရှုကြလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်ရောဂါကြောင့် ဆေးဝါးကုသရေးတက်ရောက်လာသူများမှာ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကသာမြို့နယ်များရှိ ကျေးရွာများမှ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံသူများဖြစ်ကြောင်း၊ ပြင်ပလူနာများ လာရောက်၍ အောက်ဆီဂျင် (အခမဲ့)ဝန်ဆောင်မှုပေးနေရာသို့ လာရောက်ယူဆောင်ကြသူ နေ့စဉ်မပျက်ရှိကြောင်း၊ နီကယ်စက်ရုံမှ နေ့စဉ်ယူဆောင်ကာ ဖြန့်ဝေပေးမှုမှာ အပြည့်အဝ ပေးနိုင်မှုမရှိသဖြင့် စိတ်မကောင်းဖြစ်ရကြောင်း အောက်ဆီဂျင်အခမဲ့ပေးနေသော ဧရာကမ်းသာ လူမှုကူညီရေးအသင်း အဖွဲ့သားတစ်ဦးက ပြောပြချက်အရ သိရသည်။
ငွေအိုး (ကသာ


