ကသာ ဖေဖော်ဝါရီ ၁၅
ကသာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ကသာခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် တန်ဖိုးမြင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား နှစ်ဦးမှ သင်တန်းတွင် တန်ဖိုးမြင့် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု ပညာရပ်များအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးအား သင်တန်းသား သင်တန်းသူများကိုယ်စား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)