ကသာမြို့နယ်၊ အင်းတော်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၁၈   ဖေဖော်ဝါရီ  

             

မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ကသာမြို့နယ်၊ ကသာ-အင်းတော်သွားကားလမ်း၊ ပင်းမလွတ်ကျေးရွာ မီးရထား သံလမ်းအနီးတွင် မောင်မြင့်မောင်းနှင်ပြီး မျိုးကိုကို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၅၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၂၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ည ၇ နာရီတွင် အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း၊ နန့်မကျိုင်းကျေးရွာသွားလမ်းဆုံတွင် ဇော်ဘောက် (ခ)မာဒီး မောင်းနှင်လာသည့် Nissan AD Van အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၈၆၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်ပိုင်း)မှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ပိတောက်လမ်းအနီးတွင် တွေ့ရှိသူ တာကော(ခ)သိန်းလွင် အားစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ  ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ အကွက်အမှတ်(၁၄)ရှိ ၎င်း၏နေအိမ် အားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၅၈၃ ပြား  နှင့် ဘိန်းဖြူ ၁၄ ဒသမ ၅ ဂရမ်  တို့ကို လည်းကောင်း ၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီကလည်း မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားပြည်ထောင်စုလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် မချောစု၏ခရီးဆောင်အိတ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၇၆ ကီလို၊ ငွေကျပ် ၃၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ  သိရသည်။ 

 

MDN