ကသာ ၇ မတ်

 

ကသာမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှ နေ့စဉ် ကြက်ဟင်းခါးသီးအသေး ဝင်ရောက်ရောင်းချမှု အားကောင်းလျက်ရှိကြောင်း တွေ့ရသည်။

 

ကျန်းမာရေး အထောက်အကူပြုသော ကြက်ဟင်းခါးသီးအသေးမျိုးကို ဈေးကွက်စီးပွားရေးအရ အခြားသီးနှံများနဲ့အတူ သီးထပ် သီးညှပ်အဖြစ် အခင်းများတွင် စင်းထောင်းစိုက်ပျိုးသူများရှိသလို ခြံစည်းရိုးများတွင် အလေ့ကျပေါက်လျက်ရှိရာ မြို့တွင်းစားသုံးသူများအပြင် လက်လီလက်ကားစနစ်ဖြင့် ကသာမြို့ဈေးသို့ တစ်ပြည် ၇၀ဝ ကျပ်ဖြင့် အနည်းအများ ဝယ်ယူမှုပေါ် မူတည်ပြီး ရောင်းချပေးလျက်ရှိပါကြောင်း ကသာမြို့နယ် အင်းဒရန်းကျေးရွာ ဒေါ်လှလှအေးမှ ပြောသည်။

 

ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ကမ်းတွင် နုန်းတင်မြေများဖြစ်သည့်အတွက် အခြားဈေးကွက်ဝင် ပြောင်း၊ မြေပဲ၊ ခရမ်းချဉ်သီး၊ ဖရဲ၊ သခွာများ စိုက်ပျိုးကြရာတွင် သီးထပ်သီးညှပ်အနေဖြင့် ကြက်ဟင်းခါးသီး အသေးမျိုးကို မြေဆွပေါင်းတင်ပြီး စင်းထောင်း၍ စိုက်ပျိုးကြသလို နေအိမ်ခြံစည်းရိုးတွင် အလေ့ကျပေါက်သည်လည်း ရှိသည်။ ကသာမြို့နယ် ပုလွှေရွှေကျေးရွာ၊ အင်းဒရန့်၊ ကျောက်ထုံးကြီးကျေးရွာ နယ်မြေများတွင် အရိပ်ရသော နေရာများတွင် အများဆုံး စိုက်ပျိုးကြသည့်အတွက် ကသာမြို့နယ်မှ တစ်နေ့လျှင် အချိန် ၃၀ဝ ကျော်ခန့် ဝင်ရောက်လျက်ကြောင်း ဈေးကွက်စောင့်ကြည့်နေသည့် စည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌ  ဦးလှဝေထံမှ သိရသည်။

 

ငွေအိုး(ကသာ)

 

mdn