ကသာ၊ ၅  ဖေဖော်ဝါရီ

 

ကသာမြို့နယ် ဧရာဝတီမြစ်အတွင်းရှိ သဲသောင်ပြင်များနေထိုင်ကျက်စားသော ဆောင်းခိုလာသည့် ဟင်္သာငှက်များယခုနှစ်မှာ ကျဆင်းမှု လျော့နည်းလာလျှက်ရှိကြောင်းတွေ့ရသည်။

 

မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းရှိ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ ဟင်္သာငှက်ကို အများဆုံး မြင်တွေ့ရသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ရေးသားဖော်ပြထားသည်။

 

ယခုနှစ်မှာတော့ ဆောင်းခိုလာတဲ့ ဟင်္သာငှက်များ ဒီဇင်ဘာလကုန်ပိုင်းမှ လာရောက်ကြတာတွေ့ရတယ် ယမန်နှစ်ထက် လာရောက်နေထိုင်သည့် အချိန်ထက် နောက်ကျတယ်လို့ပြောရမှာပေါ့ ၊အကောင်ရေ မှာလဲ သိသိသာသာ လျော့နည်းနေတာတွေ့ရတယ် ။ဧရာဝတီမြစ်ရေလမ်းကြောင်း ပြောင်းရွှေ့သွားတော့ ၊ ယခင်နေထိုင်ကျက်စားတဲ့နေရာမှာ ဟင်္သာငှက်ကို မတွေ့ရတော့ဘဲ သဲသောင်ပြင် အသစ်ဖြစ်လာတဲ့နေရာမှာ ခဏတာနားနေပြီး ရေညှိရှိတဲ့နေရာများ ရှာဖွေနေထိုင် ကျက်စားကြတဲ့ ဧရာဝတီအတွင်း ဟင်္သာငှက်အစုအဖွဲ့လိုက်တွေ့ရမှု နည်းပါးလာတာတွေ့ရတယ် ဟု ရေလုပ်တစ်ဦးက ပြောပြခဲ့သည် ။

 

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် သားရဲတိရစ္ဆာန်များကို လုံးဝ ကာကွယ်ထားသည့် တောရိုင်တိရစ္ဆာန်နှင့် သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ ရာသီအလိုက် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် အမျိုးအစားများကို ၂၀၁၈ ခုနှစ် မေ ၂၁ ရက် တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ လုံဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (သို့)နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်သတ်ဖြတ်ခြင်း ၊အမဲလိုက်ခြင်း (သို့)အနာတရဖြစ်စေခြင်း ၊စုဆောင်းခြင်း ၊ရောင်းချခြင်း (သို့)တစ်နည်းနည်းဖြင့် လွဲပြောင်းခြင်း ယင်းတိရစ္ဆာန်ကိုဖြစ်စေ ၊ယင်းတို့အစိတ်အပိုင်းကိုဖြစ်စေ ၊သွေးရည်ကိုဖြစ်စေ ၊ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း (သို့)သယ်ဆောင်ခြင်း တစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊အနည်းဆုံးကျပ် တစ်သိန်းမှ အများဆုံး ကျပ် သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်းဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည်။

 

ငွေအိုး(ကသာ)