ကသာ ၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash For Work စီမံကိန်း လုပ်ငန်းခွဲ (၈)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အဆိုပါလုပ်ငန်းခွဲ(၈)ခုသည် လုပ်ငန်းအားလုံး ပြီးစီးနေပြီဖြစ်ကြောင်း ကသာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ Cash For Work စီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေလျှော့နည်းလာမှု ကို ကုစားပေးနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash For Work စီမံကိန်းပံ့ပိုးငွေကျပ်(၆၀၀)သိန်းဖြင့် ရွာတွင်းလမ်းဂျင်းခင်းခြင်းလုပ်ငန်း(၃)ခု၊ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း(၂)ခု၊ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း(၁)ခု၊ ကွန်ကရစ်ရေမြောင်းတူးဖော်ခြင်း(၁)ခု နှင့် ရွာတွင်းလမ်းဘေးဝဲယာ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း(၁)ခုတို့ကို ဆောင်ရွက်ခဲ့ရာ အဆိုပါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရဲအောင်(ပြန်/ဆက်)