ကသာ ၁၅ ဇူလိုင်

 

ကသာမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၁၀၄၀) စင်တီမီတာ ဖြစ်ပြီး ယနေ့ နံနက် (၉) နာရီခွဲအချိန် တိုင်းထွာချက်အရ (၁၀၆၃) စင်တီမီတာ စိုးရိမ်ရေ အမှတ်သို့ ကျော်လွန်၍ ရောက်ရှိနေပြီဖြစ်ကြောင်း ကသာမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။


ကသာမြို့နယ်အတွင်း စိုးရိမ်အမှတ်ကျော်လွန်ပြီး ဧရာဝတီမြစ်ရေတက်မှုကြောင့် ဇူလိုင်လ (၁၂) ရက်မှ (၁၄) ရက်နေ့ထိ အိမ်ထောင်စု (၁၀၄) စု၊ လူဦးရေ (၅၀၃) စု ကို ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး  ဇူလိုင်လ (၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ  ရပ်ကွက် (၄) ရေဝင် အိမ်ထောင်စု (၁၀) စု၊ ပုလွှေရွှေ ရေလည်ကျွန်း ရေဝင် အိမ်ထောင်စု (၂) စု၊ ရပ်ကွက် (၈) ကျေးရွာ ရေဝင် အိမ်ထောင်စု (၁) စု၊ နွယ်နီကျေးရွာ ရေဝင် အိမ်ထောင်စု (၃၄) စု၊ လက်ပံဇင်ကျေးရွာတွင် ရေမျှောပါ အိမ်ထောင်စု (၃)စု၊ ဝေစွယ်ကျေးရွာ ရေဝင်အိမ်ထောင်စု (၆) စု၊ အထက်သဖန်းထောင့်ကျေးရွာ ရေဝင် အိမ်ထောင်စု (၁) စု စုစုပေါင်း အိမ်ထောင်စု (၅၇) စု လူဦးရေ (၂၆၂) ဦးအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတ အသင်းအဖွဲ့များ မှ ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရာချထားပေးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။


ဟန်မျိုးကျော် (ကသာ)

 

12