ကသာ ၂၅ ဇွန်
ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြို ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပုလွေရွှေ ကျေးရွာအုပ်စု၊ ရေလယ်ကျွန်း ကျေးရွာတွင် ရေလယ်ကျေးရွာ ပြောင်းရွှေ့ရေး ကော်မတီဝင်များက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည့် မှ ကမ်းပြိုကျမှုကြောင့် လွတ်ကင်းသော မြေနေရာများ ရရှိအောင် ဆောင်ရွက်ပေးပြီး ဖြစ်သဖြင့် ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် စနစ်တကျ ပြောင်းရွှေ့နေထိုင်စေလိုကြောင်း ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ ရေရရှိရေး၊ မီး၊ မိလ္လာသန့်ရှင်းစွာ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဇွန်လအအတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွေ့ ခဲ့ရသော အိမ်ထောင်စု (၂၆)စုအတွက် ဘေးအန္တရာယ်ဆိုင်ရာဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အိမ်ထောင်စု (၁)စုလျှင် အိမ်ဆောက်ပစ္စည်း ဖိုး (၁)သိန်းနှုန်း၊ (၇) ရက်စာအတွက် ဆန်ရိက္ခာဖိုး တစ်ဦးလျှင် (၂၁၀ဝ) နှုန်းစီ ထောက်ပံ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ Family Kits မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကာ ရေလယ်ကျေးရွာ ပြောင်းရွှေ့ရေး ကော်မတီဝင်များကကမ်းပါးပြိုကျမှုနှင့် ပြောင်းရွှေ့မည့် မြေနေရာများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဟန်မျိုးကျော်(ကသာ)


