ကသာ ၁၆ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အတွင်း စိုးရိမ်ရေအမှတ် ကျော်လွန်ပြီး ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဝင်ရောက်နေသော ဒေသများသို့ တိုင်းဒေသကြီး လွတ်တော် ဥက္ကဋ္ဌ ဦးသန်း ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါပြီး လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရေးအတွက် စာရင်းကောက်ယူမှုများကို ဇူလိုင် ၁၆ ရက် နံနက် (၉) နာရီမှ စတင်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

9694

 

အဆိုပါ ကွင်းဆင်းစာရင်းကောက်ယူရာတွင် ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဝင်ရောက်နေသော  ကသာမြို့နယ်အတွင်းရှိ ဆည်ကြီး၊ ကျွဲခြံ၊ သပြေသာ၊ အင်းရွာ၊ ရွှေဘုံသာ၊ ပိန်းတော၊ အလယ်ရွာ၊ ဂွေ့ကြီးကျွန်း၊ အောက်သဖန်းဒေါင့်၊ လက်ပန်ဇင်၊ ဝေစွယ်၊ နွယ်နီ၊ စစ်ကုန်း၊ ကျောက်ထုံးကြီး စသည့် ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရေဝင်အိမ်ထောင်စုစာရင်းများ၊ ရေမျှောပါ အိမ်ထောင်စုများစာရင်းများ၊ လူဦးရေစာရင်းများအား ကောက်ယူခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ ဦးစီးဌာနမှ ရေဝင်အိမ်ထောင်စုများအတွက် လူ(၁)ဦးလျှင် ၂၁၀ဝ နှုန်းဖြင့် ဆန်၊ ရိက္ခာ ဖိုး၊ ရေမျှောပါ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြောင်းရွှေ့မည့် အိမ်ထောင်စုများရှိပါက မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  သိရသည်။

 

8864

 

ကသာမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေ အမှတ်သည် (၁၀၄၀) စင်တီမီတာဖြစ်ပြီး ဇူလိုင် ၁၆ ရက် မွန်းလွဲ (၃) နာရီခွဲ တိုင်းထွာချက်အရ (၁၀၈၅) စင်တီမီတာ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်၍ ရောက်ရှိနေပြီဖြစ်ကြောင်း ကသာမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။ 

နိုင်လင်းထက် (ပြန်/ဆက်)

 

6515