mdn

ကသာ ဩဂုတ်  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဩဂုတ်လ(၂၂)ရက်နေ့က Wilmar International Limited မှ ကသာမြို့နယ်အတွင်း     ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကသာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောက်ဆီဂျင်စလင်ဒါအိုးနှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထို့သို့ပေးအပ်ရာတွင် Wilmar International Limited မှ တာဝန်ရှိသူများက ကသာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် (၄၀)လီတာ အောက်ဆီဂျင်စလင်ဒါအိုး အလုံးရေ (၅၀)နှင့် PPE ဝတ်စုံ(၂၀၀) တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ တာဝန်ရှိသူများက လက်ခံရရှိယူခဲ့ပြီး ယင်းကော်မတီမှ Wilmar International Limited အား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)