mdn

ကသာ   အောက်တိုဘာ   ၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများသည် ကသာမြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများအား အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှစ၍ နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့သည်။

ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် နိုင်ငံသား စိစစ်ရေးကတ် မရှိသူများနှင့် နိုင်ငံသား စိစစ်ရေးကတ် ပျက်စီး၊ ပျောက်ဆုံးသူများကို နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးပြီး ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း၊ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကသာမြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)