ကသာမြို့နယ်နှင့် ဗန်းမောက်မြို့နယ်အတွင်းမှ  တရားမဝင်သစ်တန်(၁၃၀)ကျော်ဖမ်းမိ

ဗန်းမောက် ၁၄ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ကသာမြို့နယ်နှင့် ဗန်းမောက်မြို့နယ်အတွင်းမှ တရားမဝင်ကျွန်းသစ်နှင့် ကညင်သစ်တန် ၁၃၀ ကျော် ဖမ်းမိခဲ့ကြောင်းသိရသည်။

 

253...

 

ကသာခရိုင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ဗန်းမောက်မြို့နယ် မံကပ်ကြိုးဝိုင်းအတွင်းရှိ အကွက်အမှတ်(၃၇)နှင့် (၅၀) သစ်စက်ဟောင်းနေရာတွင်  သတင်းအရ သွားရောက်ရှာဖွေရာ တရားမဝင် ကျွန်းသစ် ၆၉ ဒသမ ၂၇၂၄ တန်အား ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက်ပိုင်းက ကသာမြို့နယ် မြောက်မိုးတားကြိုးဝိုင်းအတွင်း သတင်းအရ ဝင်ရောက် ရှာဖွေရာ တရားမဝင် ကညင်သစ်(၆၅ဒဿမ၁၁၂)တန်နှင့်၊သစ်ခွဲစက် တစ်လုံး ဖမ်းဆီးရမိခဲ့ပြီး သစ်ခွဲစက်ပိုင်ရှင်မှာ ကသာမြို့ အေးချမ်းသာယာရွာသစ်နေ ဦးကြီးညိုဖြစ်ကြောင်းသိရသဖြင့် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)