ကသာ ၁၉ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ပိန်တောကျေးရွာနှင့် ဝက်တူကျေးရွာအနီး ရွှေလီမြစ်အတွင်းမှ တရားမဝင်ကျွန်းသစ်လုံးများဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်နေ့နံနက် ၁၀ နာရီ အချိန်ခန့်တွင် ကသာမြို့နယ်သစ်တောဦးစီးအရာရှိ ဦးထွန်းထွန်းနိုင် ဦးစီးသောအဖွဲ့သည် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ ကသာမြို့နယ်ရွှေလီမြစ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရေးဆောင်ရွက်နေစဉ် ကသာမြို့နယ်၊ ပိန်းတောကျေးရွာအနီး၊ ရွှေလီးမြစ်အတွင်းမှ တရားမဝင်ကျွန်းသစ်(၁၇)လုံး၊ ၃ပေအောက်ကျွန်းသစ်(၂)လုံး ဖမ်းဆီးရမိပြီး ယင်းနေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် ဆိပ်ငူဘိနယ်၊ ဝက်တူးကျေးရွာအနီး ရွှေလီမြစ်အတွင်း ကမ်းစပ်နေရာမှ တရားမဝင်ကျွန်းသစ်(၂)လုံး၊ ၃ပေအောက် ကျွန်းသစ်(၂၇)လုံး၊ စုစုပေါင်း တရားမဝင်ကျွန်းသစ်(၄၈)လုံး၊ (၇ ဒသမ ဝ၄၄ ) တန် ဖမ်းဆီးရမိသဖြင့် ပစ္စည်းပိုင်ရှင်အား စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
လူအောင်(ကသာ)


