ကသာ၊ ၁၆ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်  ကျေးလက်ဒေသဖွွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နိုင်ငံတော်၏ Covid-19 Economic Reliet Plan (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းType-1 အုပ်စုဝင်ကျေးရွာဖြစ်သည့် လမ်းခွအုပ်စုလမ်းခွကျေးရွာတွင် မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၀)ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍  ဒီဇင်ဘာ  ၁၄  ရက်က ဖွင့်လှစ်ခဲ့ကြောင်း   သိရသည်။

အဆိုပါသင်တန်းသို့ ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ဦးစီးမှူး (လ/ထ)ညွှန်ကြားရေးမှူး ဦးစိုးသန်း၊ မွေးမြူးရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းထွန်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သင်တန်းတွင် ကြက်လည်လိမ်ရောဂါကာကွယ်ရန်အတွက် ကြက်မျက်စဉ်း ခပ်နည်း၊ ကျွဲ၊ နွားများ ဒေါင့်သန်းရောဂါနှင့် လည်ချောင်းကွဲရောဂါကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးနည်းများ လက်တွေ့ သင်ကြားပြသပေးခဲ့သည်။ 

သင်တန်းကာလမှာ ဒီဇင်ဘာ  ၁၄  ရက် ၁၅ ရက်အထိ ၂ ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၂၀) တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

လူအောင်(ကသာ)