ကသာ ၁၅ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း ဧပြီလ(၁၂)ရက်နေ့၊ ညနေ(၈)နာရီခန့်က ဖြစ်ပွား ခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကသာမြို့နယ်တွင် အမိုးလန်နေအိမ်(၇)လုံးနှင့် ပြိုလဲနေအိမ်(၂)လုံး၊ စုစုပေါင်းနေအိမ်(၉)လုံး ပျက်စီးဆုံးရှုံးမှုရှိခဲ့သဖြင့် ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဧပြီလ (၁၄)ရက်နေ့က ၎င်းတို့၏ နေအိမ်များသို့ သွားရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရွှေလမ်းဆုံကျေးရွာရှိ ပြိုလဲနေအိမ်(၂)လုံးနှင့် အမိုးလန်နေအိမ်(၂)လုံးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၄၉၄၀ဝ၊ ဒုံးအော့ကျေးရွာရှိ အမိုးလန်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ ငွေကျပ် ၃၈၄၀ဝ နှင့် ကျောက်ထုံးကြီး ကျေးရွာရှိ အမိုးလန်နေအိမ်(၄)လုံးအတွက် ထောက်ပံ့ငွေကျပ် ၂၄၈၃၀ဝ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၃၆၁၀ဝ တို့ကို လေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ကသာရိုင်အတွင်း ဧပြီလ(၁၂)ရက်နေ့၊ ညနေပိုင်းက ဖြစ်ပွားခဲ့သော မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် ကသာမြို့နယ်တွင် အမိုးလန်နေအိမ်(၇)လုံးနှင့် ပြိုလဲနေအိမ်(၂)လုံး၊ ဝန်းသိုမြို့နယ်တွင် အမိုးလန်နေအိမ်(၈၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ ထီးချိုင့်မြို့နယ်တွင် နေအိမ်(၆)လုံး၊ အင်းတော်မြို့နယ်တွင် နေအိမ်(၁)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါအိမ်ထောင်စုများအား ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ များ သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
ရဲအောင်(ကသာ)