ကသာမြို့နယ်တွင် ငွေကျပ်သိန်း ၂၂ သိန်းကျော် ယူဆောင်ပြီး လူသတ်မှုကျူးလွန်ခဲ့သူအား တစ်ပတ်အတွင်း ဖမ်းမိ  

ကသာ ၁၂ ဖေဖော်ဝါရီ     

      
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် ဘွက်ကျေးရွာအနီး တောအတွင်း၌ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူသတ်တရားခံအား တစ်ပတ်အတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက ကသာမြို့နယ်၊ ဘွက်ကျေးရွာအနီး လေးမျက်နှာ ဘုတ်တိုင်သို့ သွားသည့်လမ်းဘေး ခြုံအတွင်း၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား အမြန် ဖမ်းမိရေးအတွက် ဖေဖော်ဝါရီ ၁၁ ရက်တွင် ကသာမြို့နယ် အင်းရွာနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်သန်းထွန်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင် အနီးကပ်ကြီးကြပ်၍ သေဆုံးသူ ကသာမြို့နယ် ဆင်ကုန်းကျေးရွာနေ သိန်းဇော် (ခ) မှင်စာဆိုသူ၏ ဇနီးဒေါ်ဇင်မာမြင့်အား စစ်ဆေးမေးမြန်းခဲ့သည်။


စစ်ဆေးဖော်ထုတ်ချက်များအရ သေဆုံးသူ သိန်းဇော်အား တစ်ရွာတည်းနေသူ ဆန်းမင်းထွန်းက နွားရောင်းမည်ဟုပြောပြီး နွားမပေးဘဲ ငွေကျပ်သိန်း ၂၂၂၀ဝ၀ဝ ကိုယူကာ အခင်း ဖြစ်နေရာတွင် ဓားဦးချွန်ဖြင့်ထိုးသတ်ပြီး တိမ်းရှောင်နေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဆန်းမင်းထွန်းအား ကသာမြို့ရဲစခန်းမှ ဖမ်းဆီးအရေးယူ ထားကြောင်း ရဲအုပ်အောင်သန်းထွန်းထံမှ သိရပါသည်။


လူအောင်(ကသာ)