ကသာ၊ ၂၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန်အတွက် လေ့ကျင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဆောင်ရွက်ရာတွင် ငလျင်ဘေး၊ မီးဘေး၊ သဘာဝဘေးနှင့် အဆောက်အအုံ ပြိုကျပျက်စီးရာတွင် အပျက်အစီးများအား ဖယ်ရှားခြင်း၊ ပြည်သူများအား ရှာဖွေကယ်ဆယ်ခြင်း၊ မီးငြှိမ်းသတ်ရေး လေ့ကျင့်ခြင်း၊ မီးသတ်ယာဉ်များကို တပ်ဖွဲ့ဝင်များ ကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် လေ့ကျင့်ခြင်းစသည့် မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစဉ်များကို အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ကသာမြို့ရှိ မီးသတ်ဦးစီးဌာနအနေဖြင့် ပုံမှန်ဆောင်ရွက် လျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ရဲအောင်(ကသာ)


