ကသာ    ဇူလိုင် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဇူလိုင် ၁၃ ရက်က မြို့တော်ခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကသ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် ၂၀၂၃ ခုနှစ်၊ ဇွန်လမှ စတင်ထိုးနှံပေးလျက်ရှိရာ နယ်ကျောင်းများမှ (၅)နှစ်မှ (၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ (၁၉၀)ဦးတို့အား ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများအားလုံးကို သတ်မှတ်ထားသည့်ရက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)