ကသာ၊ ၃၀ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် နေအိမ်များ လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေး လျှပ်စစ်မီးကြိုးနှင့် ကွန်ကရစ်တိုင်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လမ်းညွှန်ချက်များဖြင့် ပြောင်းလဲတပ်ဆင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကသာမြို့နယ်ရှိ နဘား - ကသာ ဓါတ်အားလိုင်အား ၃၃ ကေဗွီ အစားထိုး အဆင့်မြှင့်တင် လဲလှယ် တည်ဆောက်နိုင်ရေး ယခင်ကြိုးဆိုဒ် ACSR 70 MM 2 ကို ယခု ကြိုးလုံး ACSR 240 MM2 လဲလှယ်ပြီး တိုင် 10 M မှ 12 M တိုင်အဖြစ် ၂၀၂၀-၂၀၂၁ နှစ် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တင်ဒါအောင်မြင်ကုမ္ပဏီမှ သန်း ၃၀၀ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီတာဝန်ခံထံမှ သိရသည်။
ကသာမြို့တွင်ရှိ ရပ်ကွက်နေအိမ်လိုင်းများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လျှပ်စစ်ဓါတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ၄၀၀ ဗို့ ဓါတ်အားလိုင်များအား Aluminium Insulated Cable 95 mm2 ကွန်ကရစ်တိုင် သံလက်တန်းများဖြင့် အစားထိုး လဲလှယ်သွားမည်ဖြစ်ကြောင်း ကသာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာက ပြောပြခဲ့သည်။
ငွေအိုး (ကသာ)


