ကသာ ၁၅ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့နှင့်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ကြီးမှူးကျင်းပသော စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့သည်။

 

mdn

 

အဆိုပါ ပြိုင်ပွဲသည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် "မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ " ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သော စာစီစာကုံးပြိုင်ပွဲ ဖြစ်ပြီး အထက်တန်းအဆင့်တွင် "မူးယစ် မှန်သမျှ တိုက်ဖျက်ကြ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင်  "မူးယစ်အန္တရာယ် တို့ကာကွယ်" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဝင်ရာက် ယှဉ်ပြိုင်ခဲ့ကြသည်။

 

စာစီစာကုံးပြိုင်ပွဲသို့  ကသာမြို့၊ ကောလင်းမြို့ အခြေခံပညာကျောင်းများ နှင့် ကသာမြို့အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ  အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၅၀၊ အလယ်တန်းအဆင့် ၁၅ ဦး စုစုပေါင်း (၆၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ဟန်မျိုးကျော် (ကသာ)