ကသာ ၁၅ မတ်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှ အပ်နှံသည့် ကသာပြည်သူ့ဆေးရုံကြီး၏ (၂)ထပ်တိုးချဲ့လူနာဆောင်အား  ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါလူနာဆောင်တွင် ဖျားနာသောလူနာများကို ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအဆောက်အဦကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၉ ရက်က စတင်မြေပန္နက်တင်ခဲ့ကြပြီး အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၀ ဒသမ ၈၀ သန်းနှင့် လုပ်ငန်းတစ်ခုလုံး ခွင့်ပြုရန်ပုံငွေကျပ် ၄၁၇ ဒသမ ၀၀ သန်းတို့ဖြင့် တည်ဆောက်သည့် (၁၂၀ x ၅၆)ပေရှိ ()ထပ်အဆောက်အဦဖြစ်သည်။ အဆိုပါအဆောက်အဦကို အောင်မြင်မြန်မာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ဆက်လက်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ယင်းအဆောက်အဦပြီးစီးပါက ဖျားနာနေသော လူနာများကိုထားရှိပြီး အဆောက်အဦမှာ လိုအပ်နေသော အခန်းများခွဲကာ ကဏ္ဍအလိုက် ထားရှိသွားပါမယ်။ လူနာများနှင့် လူနာစောင့်များ နားနေရန်အတွက်လည်း အဆင်ပြေသွားမယ်။ နောက်ထပ်ဆောက်လုပ်ရန် စီစဉ်ထားသည့် အဆောက်အဦများလည်း ရှိသေးတယ်။ အဆိုပါအဆောက်အဦများ ဆောက်လုပ်နိုင်ဖို့အတွက် အလှူရှင်များလည်း လိုအပ်နေပါတယ်လို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာလာမာမီးက ပြောသည်။

 

ရဲအောင်(ကသာ)

 

125779566