နေပြည်တော် ၂၆ နိုဝင်ဘာ

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၃၀)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၉၃) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် (၂၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၇၂) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၈.၁၄)ဒီဂရီ၊ အနက်(၁၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန