ကွတ်ခိုင် ၂၃ အောက်တိုဘာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၃၈ မိုင် မန်ပြိန်းကျေးရွာအုပ်စု၊ ၃၈ မိုင် မန်ပြိန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ၃၈ မိုင် မန်ပြိန်းဈေး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကွတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးက ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များထံ စီမံကိန်းရန်ပုံငွေများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ကွတ်ခိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံဝန်ထမ်းများက အဆိုပါကျေးရွာ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီများနှင့်အတူ ၃၈ မိုင် မန်ပြိန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၆ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ နှစ်ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ သုံးဦး စုစုပေါင်း အသင်းသား ၃၂ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် သိန်း ၄၄၀ အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


