ကွတ်ခိုင်မြို့နယ်၌ M-22 သေနတ်(၁)လက်၊ ၎င်းကျည်(၁၁၇)တောင့်၊ ၎င်းကျည်အိမ်(၁)ခု သိမ်းဆည်းရမိ

နေပြည်တော်   ၁   ဖေဖော်ဝါရီ 


၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် နမ့်ခိုင်တံတားနှင့် နမ့်ဖက်ကာကျေးရွာကြား ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်(၂၄၀/၂-၃)ကြား၌ အမျိုးသားတစ်ဦး(စိစစ်ဆဲ)နှင့် ဆိုင်ကယ်တစ်စီးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရန်ပြုစဉ် ၎င်းအမျိုးသားသည် ဆိုင်ကယ်အားထား၍ လမ်းဘေးကြံခင်းမှ တစ်ဆင့် တောထဲသို့ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်ပေါ်မှ ဆာလာအိတ်ဖြင့် ထည့်ထားသည့် M-22 သေနတ်(၁)လက်၊ ကျည်(၁၁၇)တောင့်နှင့် ကျည်အိမ်(၁)ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။


(ရဲပြန်ကြား)