ကွတ်ခိုင်     ၂၃    ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာ (၇)ရွာသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နိုင်ငံတော်၏ ထောက်ပံ့ရန်ပုံငွေဖြင့် လက်ဆေးဘေစင်များကို ယမန်နေ့မွန်းလွဲ (၁)နာရီက လိုက်လံတပ်ဆင်ပေးပြီး ဆက်စပ်ပစ္စည်းများ ပေးအပ်ထောက်ပံ့သည်။

 

85

 

ကျေးရွာများတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(ကိုဗစ်-၁၉ ရောဂါ) ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေး ဘေဆင်များနှင့် ဆက်စပ်ပစ္စည်းများ လိုက်လံတပ်ဆင်ပေးအပ်ရာတွင် ကျေးရွာဒေသခံပြည်သူများ ဝင်/ထွက် သွားလာသည့် တည်နေရာများ၌ လိုက်လံတပ်ဆင်ပေးစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးတင့်နိုင်မိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက သွားရောက်ကြည့်ရှု ဆောင်ရွက်သည်။

 

435

 

ကွတ်ခိုင်မြို့နယ် အတွင်းရှိ နားဝိုင်ကျေးရွာအုပ်စု၊ မော်ဟစ်ရွာတွင် လက်ဆေးဘေစင်(၂)စုံနှင့် ဖတ်ယိုင်းပြိန်းဟွယ် ကျေးရွာအုပ်စု၊ မန်ဘန်ရွာတွင် လက်ဆေး ဘေစင်(၁)စုံနှင့် ဆက်စပ်ပစ္စည်းများ၊ အက်မိန်း ဟိုကျန့်ကျေးရွာအုပ်စုအတွင်းရှိ ဟိုကျန့်ရွာတွင် လက်ဆေး ဘေစင်(၂)စုံနှင့် ဆက်စပ် ပစ္စည်းများ၊ ခိုလှုံရွာတွင် လက်ဆေးဘေစင်(၂)စုံနှင့် ဆက်စပ်ပစ္စည်းများ၊ မန်ထမ်ရွာတွင် လက်ဆေး ဘေစင် (၁)စုံနှင့် ဆက်စပ်ပစ္စည်းများ၊ ဟိုနောင်ရွာတွင် လက်ဆေး ဘေစင် (၁)စုံနှင့် ဆက်စပ်ပစ္စည်းများ နှင့် ဟွေခုတ်ရွာတွင် လက်ဆေးဘေဆစင်(၁)စုံနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း လက်ဆေးဘေစင် (၁၀)စုံနှင့် ဆက်စပပ်ပစ္စည်းတို့ကို သွားရောက်ထောက်ပံ့ပေးအပ်ပြီး ကျန်ရှိကျေးရွာများတွင်လည်း နိုင်ငံတော်၏ ထောက်ပံ့ရန်ပုံငွေဖြင့်      ဆက်လက်တပ်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)

 

785