ကွတ်ခိုင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၁၀  ဖေဖော်ဝါရီ 

    

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက် ညနေ ၅  နာရီခွဲက ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-ကောင်းခါးသွားလမ်း၊ နောင်ဗျစ် ကျေးရွာအဝင်လမ်းမပေါ်တွင် လဒွဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂,ဝ၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် လဒွဲအား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)