ကွတ်ခိုင်   ၁၆   သြဂုတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော ကျပ်သိန်းပေါင်း ၆၀ဝ၀ဝ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများအား ယနေ့ မွန်းတည့် ၁၂ နာရီက   အမှတ်(၂)ရပ်ကွက်ရှိ ကချင်နှစ်ချင်းခရစ်ယာန် သုဿန်အနီး အမှိုက်များစွန်ပစ်သည့်နေရာ၌ မြေကြီးအတွင်း ကျင်းတူးကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းထိန်းချုပ်ဓါတုပစ္စည်းများသည် ကွတ်ခိုင်မြို့နယ် လောက်ကြိုင်းရွာ၏ အရှေ့ဘက် တောအုပ်အတွင်း၌ ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်၌ ဖမ်းဆီရမိခဲ့သော (၁၆) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအနက်မှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အီသိုင်း/အီတာအရည် (၁၃၃၃၅.ဝ၆) ဂါလန်၊ အမိုးနီးယားအရည် ဂါလန် ၉၀၅၀ နှင့် ကလိုရိုဖောင်းအရည် ဂါလန် ၄၂၆၀ ဖြစ်ပြီး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းခြောက်သောင်းကျော် တန်ဖိုးရှိကြောင်း သိရသည်။

 ဆိုပါ ထိန်းချုပ်ဓါတုပစ္စည်းများ ဖျက်ဆီးခြင်းအခမ်းအနားသို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင် သန်းမော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များ သွားရောက်ကြည်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)

 

mdn