မြင်းခြံ ၂၁ မေ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကုက္ကဲကျေးရွာတွင် သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုများကို ယနေ့ မွန်းတည့် ၁၂ နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကုက္ကဲကျေးရွာ သုံးရေရရှိရေး ဆောင်ရွက်ခြင်းကို မေ ၁၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မွန်းမံရန်ပုံငွေ ၅ ဒသမ ၅၆ သန်းဖြင့် ကုက္ကဲကျေးရွာ အထက်ကန်မှ ကုက္ကဲကျေးရွာနေ ပြည်သူများ ရေသုံးစွဲမှု အဆင်ပြေစေရေး ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ကုက္ကဲကျေးရွာ နွေရာသီ သုံးရေရရှိရေးအတွက် ကုက္ကဲအထက်ကန်မှ ကုက္ကဲကျေးရွာထိ ရေပိုက်အရှည် ပေ ၄၁၂၀ ရှည်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကုက္ကဲကျေးရွာရှိ အိမ်ထောင်စု ၃၅၀ ကျော်အတွက် ရေအဆင်ပြေစွာ အခမဲ့ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)


