ပုလဲ ၂၁ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကုက္ကိုစုကျေးရွာ၊ ဓမ္မာရုံ၌ ဇွန် ၂၀ ရက်၊ ညနေ ၄ နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး၏ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်မှုနှင့် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက ပြည်သူ့ဝန်ဆောင်မှုရုံး၏ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ရှင်းလင်း ဆွေးနွေးမှုများနှင့်ပတ်သက်၍ ဒေသခံပြည်သူများက သိရှိလိုသည့် အချက်အလက်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့သည်။
ကုက္ကိုစုကျေးရွာ၌ ပြည်သူ့ဝန်ဆောင်မှုရုံး၏ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ကြည့်ရှုစစ်ဆေး၍ ဒေသခံပြည်သူများအား ကျေးရွာအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်မှုများဖြင့် လက်တွဲဆောင်ရွက်ကြရန်လိုကြောင်း အားပေးစကား ပြောကြားခဲ့ပြီး တစ်အိမ်ထောင်လျှင် အပင် ( ၂ )ပင်နှုန်းဖြင့် ရှင်သန်အောင်ထိန်းသိမ်းပြုစု စိုက်ပျိုးနိုင်ရေးအတွက် တမာ၊ ရေတမာ၊ မယ်ဇယ်၊ မယ်ဇလီနှင့် ကုက္ကိုပျိုးပင်( ၂၀ဝ )ကို ပြည်သူများ လက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြောင်းလည်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN


