ဂျေရုဆလင် အောက်တိုဘာ ၂၉
အစ္စရေးနိုင်ငံ၌ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးအေဂျင်စီ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကို တားမြစ်ပိတ်ပင်သော ဥပဒေမူကြမ်းတစ်ရပ်ကို အစ္စရေး လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါဥပဒေကို အောက်တိုဘာ ၂၈ ရက်တွင် မဲအများစုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်း လုပ်ဆောင်မှုသည် ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်းဒုက္ခသည် များအတွက် ကုလကယ်ဆယ်ရေးအေဂျင်စီ၏ ထောက်ပံ့ကူညီပေးရေးလုပ်ငန်းများကို ထိခိုက်စေနိုင် သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဟားမားစ်အဖွဲ့က အစ္စရေးကို အလစ်အငိုက်တိုက်ခိုက်မှုတွင် ကုလကယ်ဆယ်ရေးအေဂျင်စီ ဝန်ထမ်းအချို့ ပါဝင်ခဲ့သည်ဟု အစ္စရေးကစောဒက တက်ခဲ့သည်။ ကုလသမဂ္ဂသည် ယင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့ဖွယ်ရှိသည့် သံသယရှိသူ ဝန်ထမ်းကိုးဦးကို ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် အစ္စရေးသည် ကုလကယ်ဆယ်ရေးအေဂျင်စီနှင့် ဟားမားစ်အဖွဲ့တို့ကြား ဖြစ်နိုင် ခြေရှိသော ချိတ်ဆက်မှုများကို ကြိမ်ဖန်များစွာ ထောက်ပြခဲ့သည်။ ကုလကယ်ဆယ်ရေးအေဂျင်စီက ထိုကဲ့သို့လုပ်ဆောင်မှုသည် မကြုံစဖူးဖြစ်ပြီး အန္တရာယ်ရှိသော အစဉ်အလာတစ်ခုဖြစ်သည်ဟုဆိုကာ အေဂျင်စီအပေါ် အစ္စရေးလွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။
အင်န်အိတ်ချ်ကေ