ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်သံအမတ်က မြောက်ကိုရီးယားကို ဖိအားပေးခြင်း ဆက်လက် လုပ်ဆောင်သင့် ဟုဆို

ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်က မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအတွက် ထင်သာမြင်သာသည့့်် လုပ်ဆောင်မှု မရှိသေးကြောင်း နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားသို့ ခိုင်ခိုင်မာမာ ဖိအားပေးခြင်း ဆက်လက် လုပ်ဆောင်သွားသင့်ကြောင်း ဆိုသည်။ သံအမတ် ကိုရို ဘက်ရှို က အင်္ဂါနေ့က ပြုလုပ်ခဲ့သော  ၂၀၁၈ ခုနှစ် နောက်ဆုံးပုံမှန် သတင်းစာရှင်းလင်းပွဲ တွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည်  ယခုနှစ် တွင် နျူကလီးယား စမ်းသပ်ခြင်းကို ယခုချိန်ထိ ရှောင်ကြဉ်ခဲ့သော်လည်း  ၎င်းတို့၏  နျူကလီးယား လက်နက်များ (သို့မဟုတ် ) ဒုံးကျည်များ ကို စနစ်တကျ ဖျက်သိမ်းရန် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် မည်သည့်အစီအမံမျှ မရှိကြောင်း ဆိုသည်။

အဆိုပါ သံအမတ် က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြောက်ကိုရီးယားနိုင်ငံမှ နျုးကလီးယား ဖျက်သိမ်းရေး ပြတ်သားသည့်လုပ်ဆောင်မှုမရှိမခြင်း ဆက်လက် ဖိအားပေးခြင်းများ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ နျူကလီးယားဖျက်သိမ်းခြင်း မရှိပဲ ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းမည် မဟုတ်ကြောင်း မြောက်ကိုရီးယား အနေဖြင့်  နားလည်သင့်သည် ဟု အလေးပေး ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်များ ပိတ်ပင်တားမြစ်ထားသည့် ကုလသမဂ္ဂသဘောတူစာချုပ် ထောက်ခံအားပေးသည့် နိုင်ငံများနှင့် နျူကလီးယား အင်အားကြီး နိုင်ငံများ ပူးပေါင်းပါဝင်ခြင်းဖြင့် နျူကလီးယား ကင်းစင်သည့် ကမ္ဘာဖြစ်မြောက်ရန် လက်တွေ့ကျသည့်နည်းလမ်းများကို ဂျပန်က ရှာဖွေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုးကား -အန်အိတ်ချ်ကေ