ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးမှ တရားရေးဆိုင်ရာ လစ်လပ်ရာထူး ငါးနေရာအတွက် စိတ်ဝင်စားသူများ လျှောက်ထားနိုင်

နေပြည်တော် ၁၃ မတ် 

 

United Nations Dispute Tribunal (UNDT) နှင့် United Nations Appeals Tribunal (UNAL) တို့တွင် တရားရေးဆိုင်ရာ လစ်လပ်ရာထူး ငါးနေရာအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ အရည်အချင်းပြည့်မီသော နိုင်ငံသားများ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

လိုအပ်သည့် တရားရေးဆိုင်ရာ အတွေ့အကြုံ နယ်ပယ်များအပြင် ဘာသာစကားတတ်ကျွမ်းမှုတို့ကို တင်ပြလျက် ယှဉ်ပြိုင်လျှောက်ထားလာသော တရားသူကြီးများအား Internal Justice Council ၏ ထောက်ခံချက်ဖြင့် ကုလသမဂ္ဂအထွေထွေ ညီလာခံက ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုတရားရေးဆိုင်ရာ လစ်လပ်ရာထူးနေရာများတွင် အငြိမ်းစားတရားသူကြီးများလည်း လျှောက်ထား နိုင်ကြောင်း သိရပြီး http://www.un.org/en/oaj/unjs/docs/judical Vacancy EN.pdf  တွင် လိုအပ်သည့် အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး စိတ်ဝင်စားသူများinternal justice council [email protected] သို့ မတ် ၃၁ ရက်နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)