၁၀ ဇွန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ (ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်) နဲ့ အလှည့်ကျအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားရာ အလှည့်ကျအဖွဲ့ဝင်ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံမှာ ဗီယက်နမ်နိုင်ငံပါဝင်လာပြီး အလှည့်ကျတာဝန်ကို လာမယ့်ဇန်နဝါရီလကနေ သက်တမ်း ၂ နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

အလှည့်ကျတာဝန်ယူမယ့် နိုင်ငံသစ် ၅ နိုင်ငံကတော့ အက်စ်တိုးနီးယား၊ နိုက်ဂျာ၊ တူနီးရှား၊ ဗီယက်နမ်နဲ့ စိန့်ဗင်းဆင့်နှင့် ဂရန်န်ဒင်းနိုင်ငံတို့ကို ပြီးခဲ့တဲ့ သောကြာနေ့က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အခုအသစ်ဝင်လာတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာမှဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေမှာ စိန်ခေါ်မှုတွေဖြစ်လာနိုင်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ကုလသမဂ္ဂရဲ့ နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ (ICG) ဒါရိုက်တာ ရစ်ချက် ဂိုဝမ်က အဖွဲ့ဝင်နိုင်ငံသစ် ၅ နိုင်ငံမှာ အဖွဲ့ကွဲနိုင်တာကို မြင်နေရတယ်။
အနောက်နိုင်ငံဆန့်ကျင်ရေးအဖွဲ့ ဖြစ်လာနိုင်တယ်။ အမေရိကန်နဲ့ သူ့မဟာမိတ်တွေအတွက် ကုလသမဂ္ဂကနေတဆင့် ပြင်းပြင်းထန်လုပ်ဆောင်ဖို့ ခက်ခဲလာပြီး သံတမန်နည်းလမ်းကို ပိုပြီးအသုံးပြုလာနိုင်တယ်။ ဗီယက်နမ်နဲ့ စိန့်ဗင်းဆင့်နှင့် ဂရန်န်ဒင်းနိုင်ငံက ဗင်နီဇွဲလားနိုင်ငံအရေးနဲ့ပတ်သတ်ပြီး တရုတ်နဲ့ ရုရှားဘက်မှာ ပါဝင်လာနိုင်ကြောင်း၊ အခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတွေက လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။
အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံရဲ့ မဲဆန္ဒကို ဗီယက်နိုင်ငံက ၁၉၂ မဲ ရရှိပြီး၊ နိုက်ဂျာနဲ့ တူနီးရှား (၁၉၁ မဲ) နဲ့ စိန့်ဗင်းဆင့်နှင့် ဂရန်န်ဒင်းနိုင်ငံက ၁၈၅ မဲ ၊ အက်စ်တိုးနီးယားနိုင်ငံ ၁၃၂ မဲ ရရှိခဲ့ကြောင်းသိရပါတယ်။
MDN
ကိုးကား - AFP