နေပြည်တော် ၂၇ ဖေဖော်ဝါရီ
ဥတ္တရသီရိမြို့နယ် မကွေး-ကံပြားလမ်းတွင် ယမန်နေ့ညပိုင်းက ဘုရားဖူးယာဉ်တစ်စီး ယာဉ်အားဂီယာချိန်းစဉ် နောက်ပြန်လိမ့်ကျ တိမ်းမှောက်သဖြင့် (၂၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖေဖော်ဝါရီ ၂၆ ရက် ည ၁၀ နာရီခန့်က ဥတ္တရသီရိမြို့နယ်၊ မကွေး-ကံပြားလမ်း၊ မိုင်တိုင်(၁၁/၄)၌ မကွေးဘက်မှ နေပြည်တော်ဘက်သို့ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်နေ ဇော်လင်းအောင် (၄၂)နှစ် မောင်းနှင်လာသည့် 9D/×××× ဟွန်ဒိုင်း Express ဘုရားဖူးယာဉ်သည် ကုန်းအတက်တွင် ဂီယာချိန်းရာမှ နောက်ပြန်လိမ့်ကျ၍ လမ်းဝဲဘက်ရှိ အနက် ၁၀ ပေခန့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဇော်လင်းအောင်ပါ (၂၇)ဦး (အမျိုးသား ၃ ဦး၊ အမျိုးသား ၂၄ ဦး)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် နေပြည်တော်ခုတင် ၁၀ဝ၀ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့ပြီး ဇော်လင်းအောင်အား တက်ရှိန်းနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
MDN