ကျောက်ဖြူ စက်တင်ဘာ ၂၇

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အုန်းတောကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ကျေးရွာတွင်း လမ်းအရှည် ပေ ၁၅၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ရှစ်လက်မထု ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ ၆၃ ဒသမ ၀၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွန်ကရစ်လမ်း ဖောက်လုပ် ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၇၉ အိမ်တို့၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၏ ပြောပြချက်အရ သိရသည်။

 

စိုးမိုးကျော်