ရေဦး ၂၆ ဇန်နဝါရီ
ရေဦးမြို့နယ်မိုးဒေါင်ရွာ မိုးဒေါင်ကျောင်းတိုက်တွင် ရှိသော ကုန်းဘောင်ခေတ်လက်ရာ ရွှေရေးပန်းချီများ၊ ရွှေကျောင်း အတွင်းမှ ရွှေရေးပန်းချီကား၊ မြန်မာမှုလက်ရာမြောက် ရုပ်တု၊ ရုပ်လုံး၊ ရုပ်ကြွ၊ ပန်းပု၊ ပန်းချီ စသည်တို့ကို နောင်လာ နောက်သားများလေ့လာဆည်းပူးစေချင်သည်ဟု ရေဦးမြို့ နယ် မိုးဒေါင်ကျောင်းဆရာတော်က မိန့်ကြားသည်။
ဘုရားဝင်းအတွင်း ဘုရားရုပ်ပွားတော် အမိုးမျက်နှာ ကြက်နှင့် ကျောင်းဆောင်နံရံမျက်နှာကြက်များတွင် တန်ဖိုးမဖြတ်နိုင်သော ရှားပါးရှေးဟောင်းရွှေဇဝါရေး ရုပ်လုံးကြွပန်းချီကားများကို မြင်ဖူးသူနည်းပါးလှသဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုကောင်းလှသော ပန်းချီကားများဖြစ်သည့် အတွက် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းထား စေချင်ကြောင်း ရှေးဟောင်းသုတေသနဝါသနာရှင် ကိုရာဇာအောင်က ပြောသည်။
ငွေအိုး (ကသာ)