မန္တလေး ဒီဇင်ဘာ ၁၅

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်ဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ ဘဏ္ဍာရေးနှစ်အတွင်း အောင်မြေသာစံမြို့နယ် ၁၂ လမ်း (၆၆ လမ်းနှင့် လမ်း ၈၀)ကြားတွင် ကျုံးဘေးပလက်ဖောင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ  လမ်းတံတားဌာနက တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။

တင်ဒါလျှောက်လွှာများအား ဒီဇင်ဘာ ၁၄ ရက်မှ ၂၈ ရက်အတွင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနတွင် ရောင်းချပေးမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် တည်ဆောက်ရေးဆိုင်ရာ တင်ဒါကိစ္စများ ရှင်းလင်းခြင်းအစီအစဉ် ကျင်းပမည်ဖြစ်၍ ကုမ္ပဏီများ တက်ရောက်ရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။

ကိုကိုကြီး(မန္တလေး)