ကုန်းဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ တံတားအုတ်ခုံကို ဝင်တိုက်မိသည့်ယာဉ်မှ မောင်းသူသေဆုံး

ဘောလခဲ ၇ မတ် 


ကယားပြည်နယ်၊ ဘောလခဲမြို့တွင် ယနေ့နံနက်  ၅ နာရီ ၄၅ မိနစ်က အမှတ်(၄၂၉) တပ်ရင်းဂိတ်အနီး လွိုင်ကော်-ဒီးမော့ဆို ကားလမ်းအတိုင်း ဘောလခဲဘက်သို့ မောင်းနှင်လာသော ကောင်တာ အဖြူရောင် ခြောက်ဘီးယာဉ်သည် ဘိလပ်မြေအိတ်နှင့် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်လျှက် မောင်းနှင်လာရာ မြို့ဝင်တံတား ကုန်းဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ တံတားအမှတ် 2136 ၏ ယာဘက်ခြမ်း အုတ်ခုံကို ဝင်ရောက်တိုက်မိခဲ့သည်။

 

1


ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းသူ ဦးဇော်လေးမှာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။


MDN