မန္တလေး မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေး၊ မြိုပြနှင့် ကျေးလက် ကွာဟမှုမရှိစေရေး၊ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာ လမ်းတွင် သံကူကွန်ကရစ်သုံးစင်း ဆောက်လုပ်ပေးလျက်ရှိသည်။

အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ချိန် ပြီးစီးရေး မြို့နယ်လမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ကျော်မင်းကျော် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူပြီး မန္တလေး တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ၇၃ ဒသမ ၅၀ သန်းဖြင့် လမ်း၏ ၃၀ ကီလိုမီတာမှ ၃၄ ကီလိုမီတာအတွင်းတွင် ၁ ဒသမ ၂၅ ကီလိုမီတာနှင့် ၁၂ ဒသမ ၂ မီတာရှိ Box Culvert သံကူကွန်ကရစ် တံတား သုံးစင်း တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)