မန္တလေး ဩဂုတ် ၅
ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် စားသောက်ကုန်များ ပြည်သူလူထုအခက်အခဲမရှိ သုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီက မန္တလေးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုက ဒေသတွင်းစိုက်ပျိုးရေး မွေးမြူရေး ကုန်ထုတ်လုပ်မှုများကို ရာနှုန်းပြည့် ဆောင်ရွက်လိုကြောင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး နှင့် စားသောက်ကုန်များ ပြည်သူလူထု အခက်အခဲမရှိသုံးစွဲ နိုင်ရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် မြို့ဝင်မြို့ဂိတ်ထွက်များတွင် ကုန်စည်စီးဆင်းမှု မှန်ကန်အောင် ဆောင်ရွက်ပြီး မလိုလားအပ်သည့် ကိစ္စရပ်များ မပေါ်ပေါက်စေရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကုန်စည်စီးဆင်းမှုနှင့် စားသောက်ကုန်များ ပြည်သူလူထုအခက်အခဲမရှိ သုံးစွဲနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


