၂၈ မေ

ဗီယက်နမ်နိုင်ငံသား နိုင်ငံရွေ့ပြောင်းသူ ၃၉ ဦးဟာ ပြီးခဲ့တဲ့နှစ်က ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာတဲ့ ကုန်ကားပေါ်မှာ သေဆုံးခဲ့ပါတယ်။ အဲဒီအမှုနဲ့ ဆက်စပ်သူလို့ သံသယရှိသူ ၂၆ ဦးကို ဘယ်လဂျီယံနဲ့ ပြင်သစ်နိုင်ငံတွေမှာ မနေ့က ဖမ်းဆီးရရှိခဲ့ကြောင်း သိရပါတယ်။

 

သေဆုံးခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားတွေထဲမှာ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၈ ဦး ပါရှိခဲ့ပါတယ်။ ဒီ ၃၉ ဦးထဲမှ ၁၀ ဦး ဟာ ဆယ်ကျော်သက်အရွယ်တွေ ဖြစ်ကြောင်း သိရပါတယ်။

 

ကုန်တင်ကားမောင်းသူက ကားပေါ်ပါသူတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ဝန်ခံပြီး ဖြစ်ပါတယ်။ မနေ့က ဖမ်းဆီးရခံသူတွေကတော့ နိုင်ငံရွှေ့ပြောင်းမယ့်သူတွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ခရီးလမ်းကြောင်း ဆွဲတဲ့  လူကုန်ကူးမှုကျူးလွန်သူတွေလို့ ယူဆတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲမြို့နဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွေမှာ စီးနင်းဝင်ရောက်ရှာဖွေမှုတွေ မှာ ဗြိတိန်နဲ့ အိုင်ယာလန် စုံထောက်တွေပါ ပါရှိ‌ကြောင်း သိရတယ်။

 

ဘယ်လဂျီယံမှာ ဖမ်းဆီးခံရတဲ့ ၁၃ ဦးထဲမှ ၁၁ ဦးဟာ ဗီယက်နမ်နိုင်ငံသားတွေဖြစ်သလို ပြင်သစ်မှာ ဖမ်းဆီးခံရသူတွေထဲ က အများစုဟာလည်း ဗီယက်နမ်တွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 

အခုဖမ်းဆီးရရှိတဲ့ လူကုန်ကူးဂိုဏ်းဟာ အာရှကနေ အထူးသဖြင့် ဗီယက်နမ်ကနေ  ဉရောပကို လူပို့ဆောင်တဲ့ လမ်းကြောင်းကို အထူးလုပ်ကိုင်တဲ့ဂိုဏ်း ဖြစ်ပါတယ်။

MDN
ကိုးကား - AFP