ကုန်းကြမ်း ၄ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၃ရက်နေ့ နံနက်ပိုင်းက လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူရေးဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိဦးရန်လင်းဖြိုးက သင်တန်းဆိုင်ရာ ကိစ္စများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်ဖြူက လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ဝင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးကျော်ဇင်အောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါ သင်တန်းအား စတင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် သင်တန်းတွင် သင်တန်းသား (၇၅) ဦး တက်ရောက်မည်ဖြစ်ကြောင်း ကုန်းကြမ်း(ပြန်/ဆက်)မှ သတင်းရရှိသည်။
MDN


