ကုန်းကြမ်း  ၃၀  ဒီဇင်ဘာ        

လူထုတွေ့ဆုံပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ေ

 

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရဲမှူးချုပ် တင်ကိုကိုက ကုန်းကြမ်းမြို့နယ်ရှိ ဌာနဆိုင်ရာအသီးသီးတွင် လိုအပ်ချက်များရှိပါက ပွင့်လင်းစွာ တင်ပြဆွေးနွေးနိုင်ကြောင်း ရှင်းလင်း ပြောကြားကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့သည်။ 

ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုက ကုန်းကြမ်းမြို့နယ်ရှိ ဌာနဆိုင်ရာများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စသည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။    

သင်းသင်းလှိုင်(ကုန်းကြမ်း)