ကုန်းကြမ်းမြို့နယ်၌   ဘိန်းဖြူမှုန့် ၃၂ ဒသမ ၅ ကီလိုဂရမ်၊ ICE ၁ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြားအမှုန့် ၁၁ ဒသမ ၄ ဂရမ်၊ ဘိန်းကြမ်းမှုန့် ၁၄ ကီလိုဂရမ် နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် ၈ ဖေဖော်ဝါရီ 


ရှမ်းပြည်နယ် ကုန်းကြမ်းမြို့နယ်၌ ဖေဖော်ဝါရီ ၇ ရက်က ဘိန်းဖြူမှုန်၊ ICE ၊ စိတ်ကြွ ဆေးပြားအမှုန့်၊ ဘိန်းကြမ်းမှုန့်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ် ကုန်းကြမ်းမြို့နယ် ရှောက်ကျုံ ရှမ်းကျေးရွာတစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် လူနေထိုင်ခြင်းမရှိသည့် တောင်ယာတဲအတွင်းမှ ဘိန်းဖြူမှုန့် ၃၂ ဒသမ ၅ ကီလိုဂရမ်၊ ICE ၁ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြားအမှုန့် ၁၁ ဒသမ ၄ ဂရမ်၊ ဘိန်းကြမ်းမှုန့် ၁၄ ကီလိုဂရမ် နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သော ဓာတုဆေးရည်/ ပစ္စည်းများ၊ လက်အိတ်များ၊ ဓာတ်ငွေ့ကာမျက်နှာဖုံးများ၊ ဖန်ပေါင်းချောင်များ၊ ဓာတ်ခွဲခန်းသုံးဖန်ပြွန်များ၊ ဂတ်စ်အိုးများ၊ မော်တာများ အပါအဝင် စုစုပေါင်း ပစ္စည်း ၃၄ မျိုး ငွေကျပ်တန်ဖိုး  ၆၆၃၇ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့သဖြင့် ကုန်းကြမ်းမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 


(သတင်းစဉ်)

 

123